ARCHITECTURE QUIZ
- AAS-YTU

- May 8, 2020
- 1 min read
ဒီမနက် Morning Piece အတွက် "3 Classical Orders of Greece" ကိုရွေးချယ်ထားပါတယ်။
Classical orderတွေကို ဂရိဗိသုကာဟန်ရဲ့ အသည်းနှလုံးလို့ တင်စားလို့ရပါတယ်။ Classical orders ဆိုတာကတော့ အဆောက်အအုံတစ်ခုမှာ အသုံးပြုထားတဲ့Columnတွေရဲ့ဒီဇိုင်း၊ Structureရဲ့form၊ Decorationပေါ်မူတည်ပြီး ကွဲပြားသွားတဲ့ ဗိသုကာဟန်ကိုပြောတာပါ။ ဂရိလူမျိုးတွေဟာ Classical order သုံးမျိုးဖြစ်တဲ့ "Doric, Ionic and Corinthian order" ကို သုံးပြီး Temple တွေတည်ဆောက်ခဲ့ကြပါတယ်။
Doric order မှာအသုံးပြုထားတဲ့ Column (တစ်နည်းအားဖြင့် shaft) တွေဟာ တခြား Order ၂ခုနှင့်ယှဥ်လျှင် တိုပြီး လုံးပတ်ကလည်းတုတ်ပါတယ်။ Columnပေါ်မှာ Fluteလို့ခေါ်တဲ့ Vertial lineတွေကိုတွေ့နိုင်ပြီး Columnရဲ့ Capitalဒီဇိုင်းကလည်း ရိုးရှင်းပါတယ်။
Ionic order မှာအသုံးပြုထားတဲ့ columnတွေဟာ Doric order ရဲ့ columnတွေထက်ရှည်ပြီး လုံးပတ်ကလည်း သွယ်သွားပါတယ်။ Columnရဲ့ Capital ဒီဇိုင်းဟာ Doric order ထက်ပိုဆန်းသစ်လာပြီး ခပ်သွယ်သွယ် တိုင်လုံးတွေကြောင့် အဆောက်အအုံဒီဇိုင်းတွေဟာလည်း ပိုကြည့်လို့ကောင်းလာပါတယ်။
Corinthian order ကတော့အားလုံးထဲမှာ decorativeအဖြစ်ဆုံး orderတစ်ခုလို့ပြောလို့ရပါတယ်။ Column ရဲ့အရှည်နှင့် လုံးပတ်ကတော့ Ionic orderနှင့် မတိမ်းမယိမ်းပါပဲ။ Capital ဒီဇိုင်းမှာ ပန်းနွယ်ပန်းခက်တွေပါလာပြီး သိပ်အနုစိတ်တာကြောင့် တခြားorderတွေနှင့်မတူ၊ တစ်မူထူးခြားလို့နေပါတယ်။ ပုံထဲမှာ Doric, Ionic, Corinthian order သုံးမျိုးကိုအစဥ်လိုက်ဖော်ပြထားပါတယ်။
အခုဖော်ပြသွားတာကတော့ ဂရိနိုင်ငံမှာမွေးဖွားခဲ့တဲ့ Classical order သုံးမျိုးပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရောမလူမျိုးတွေဟာ Doric orderကိုအခြေခံပြီး Tuscan order၊ Ionic နှင့် Corinthian orderကိုပေါင်းစပ်ကာ Composite order ကိုတီထွင်ခဲ့ကြပါတယ်။




Comments