ARCHITECTURE QUIZ
- AAS-YTU

- Jun 3, 2020
- 1 min read
Fenestration
Fenestration ဆိုတာကတော့ အခြေခံအားဖြင့်ပြောရလျှင် façade(မျက်နှာစာ) တစ်ခုမှာ ဖောက်ထားသော အပေါက်များဖြစ်သည်။ ပြင်ပပတ်ဝန်းကျင်နှင့် Interior (အတွင်းပိုင်း) space တို့၏ အပြန်အလှန်ဆက်စပ်မှု (Interrelationship) မြင်သာထင်သာရှိမှု (Transparency) ကို အားကောင်းစေသည့်အပြင် လေ/ အပူနှင့် အလင်းရောင်တို့ကို အတွင်း-အပြင် နှင့် အပြင်-အတွင်း ဖြတ်သန်းစီးဆင်းစေနိုင်မှု၊ ဝင်ရောက်မှုနှင့် သက်တောင့်သက်သာ၊ နေချင်စဖွယ် Space တစ်ခုဖန်တီးနိုင်ရန် တို့အတွက် Fenestration များမှာ လွန်စွာအရေးပါသည်။
Fenestration ဟုဆိုရာတွင် Window, door, Skylight, fan light အစရှိသည် လိုအပ်ချက်ပေါ်မူတည်၍ ပုံစံအမျိုးမျိုးဖြင့်တွေ့ရှိနိုင်သည်။




Comments