ARCHITECTURE QUIZ
- AAS-YTU

- Jun 3, 2020
- 1 min read
လှုပ်ရှားမှုရသနှင့် ဟင်းလင်း-ကာလသဘောတရား
နောင်အခါ ကျူဗစ်ဝါဒီ Cubists ပန်းချီပညာသည်များဟု ကင်ပွန်းတပ်ခြင်းခံရသော ပန်းချီကားချပ်များကို ရေးဆွဲသူတို့သည် အလျား-အနံ-အမြင့် ဟူသော သုံးဘက်တိုင်းပမာဏရှိသည့် ဟင်းလင်းခွင်ကို “မြင်”လာကြသည်။ အရာဝတ္ထုတိုင်းတွင် သုံးဘက်တိုင်း ဘောင်အတွင်း မြင်ထားပြီး “လေးဘက်တိုင်းသဘော” ကိုဆင်ခြင်သည့်အခါ “ကာလ -Time” ဟူသော ပမာဏသဘောပါဝင်မှ ပြည့်စုံမည်ဟု လက်ခံလာကြသည်။
လှုပ်ရှားမှုသရုပ်သည် တည်ငြိမ်သရုပ်မှ ကွဲပြားရန်မှာ လှုပ်ရှားရန် ဟင်းလင်နေရာ Space ရှိရမည်။ လှုပ်ရှားဖို့ ကာလအချိန် Time ရှိရမည်။ သို့မှသာ လှုပ်ရှားခြင်းကိုဖော်ညွှန်းနိုင်မည်ဟု သဘောပေါက်လာကြသည်။
နှစ်ဆယ်ရာစုနှစ်တွင် အနုပညာရပ်များ၊ အခြေခံမှစ၍ တော်လှန်ပြောင်းလဲမှုကြီးဖြစ်ပေါ်ခဲ့သည်။ လှုပ်ရှားမှုသရုပ်ကို ဖော်ထုတ်စဉ်တွင် ဟင်းလင်း-ကာလ သဘော Space-Time Concept ကိုခြေခြေမြစ်မြစ် ဖော်ထုတ်လာကြသည်။
လှုပ်ရှားမှုသရုပ်ကိုဖော်ထုတ်ပေးသော ပတ်းချီဟန်များအနက် တစ်ရပ်မှာ Dadaism ဟုအမည်တပ်ခြင်းခံရပြီး အနုပညာလောကတွင် ၁၉၁၁-၁၂ နှစ်များက ဥရောပ၌ ကျော်ကြားခဲ့ပေသည်။
ဤ “လှုပ်ရှားမှုရသနှင့် ဟင်းလင်း-ကာလသဘောတရား” အား စာအုပ်စျေးမှ ပြန်လည်ထုတ်ဝေသော ဒေါက်တာလွင်အောင်-ဗိသုကာလက်ရာ (ဆောင်းပါးစု) များ၏ “လှုပ်ရှားမှုသရုပ်” ဆောင်းပါးမှ ပြန်လည်ကူးယူတင်ပြသည်။ ၁၉၈၂၊ ဒီဇင်ဘာတွင် အတွဲ ၃၆၊ အမှတ် ၄၂၇ ရှုမဝမဂ္ဂဇင်း၌ ဖော်ပြထုတ်ဝေခဲ့သော ဆောင်းပါးတစ်ပုဒ်လည်းဖြစ်သည်။




Comments