top of page

ARCHITECTURE QUIZ

  • Writer: AAS-YTU
    AAS-YTU
  • May 22, 2020
  • 1 min read

Hangia Sophia


အေဒီ ၅ရာစု ရောမအင်ပါယာကျဆုံးပြီးနောက် ရောမအရှေ့ပိုင်းဟာ Constantinople ခေါ် Insanbul ရဲ့ လက်အောက်မှာ ဆက်လက်တည်ရှိနေခဲ့ပြီး နောက်ပိုင်းမှာ အရှေ့ရောမအင်ပါယာဆိုပြီး ခေါ်ဝေါ်ခဲ့ကြပါတယ်။ ထိုလက်ထက်မှာပင် Byzantine Architecture လို့ခေါ်တဲ့ ထင်ရှားတဲ့ ဗိသုကာဟန်တစ်ခု ပေါ်ပေါက်လာခဲ့ပြီး ခရစ်ယာန်ဝတ်ကျောင်းတွေ၊ အထူးသဖြင့် လိပ်ခုံးအမိုး Domeနဲ့ အဆောက်အဦးတွေ ပါဝင်ခဲ့ပါတယ်။

ထိုအထဲမှာ Hangia Sophia ဟာဆိုရင် အကြီးဆုံးဝတ်ပြုကျောင်း တစ်ခုဖြစ်ပြီး တူရကီနိုင်ငံ၊ အင်စတန်ဘူမြို့မှာ တည်ရှိပါတယ်။ Hangia Sophia ရဲ့ ထူးခြားတဲ့အချက်ကတော့ သူ့ရဲ့Domeပဲ ဖြစ်ပါတယ်။ အချင်း 32.5မီတာ (107ပေ)ရှိတဲ့ Dome ဟာ ထိုခေတ်ထိုအခါက အင်ဂျင်နီယာနဲ့ ဗိသုကာလောကရဲ့ အံ့အားသင့်ဖွယ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Hangia Sophia ရဲ့ အတွင်းပိုင်းမှာ ခြယ်လှယ်ထားတဲ့ ဆေးရေးပန်းချီများမှာ အသေးစိတ်ပြီး လက်ရောက်မြောက်လှပေသည်။ ၎င်းဆေးရေးပန်းချီများပေါ်သို့ အလင်းရောင်ကျရောက်စေပြီး Hangia Sophia ရဲ့ အတွင်းပိုင်းကို ရင်သပ်ရှုမောဖွယ်ဖြစ်စေတာကိုကြည့်ခြင်းအားဖြင့် ထိုခေတ်က ဗိသုကာအဆင့်အတန်းကို သိရှိနိုင်ပေသည်။


ree

Comments


bottom of page