ARCHITECTURE QUIZ
- AAS-YTU

- May 17, 2020
- 1 min read
Color Temperature
လူတွေဟာ လုပ်ငန်းဆောင်တာအမျိုးမျိုးကိုလုပ်ဆောင်ဖို့အတွက် သဘာဝနေ့အလင်းရောင်တစ်ခုထဲနဲ့ မလုံလောက်တဲ့အခါမှာ Artificial light တွေကို အသုံးပြုဖို့ လိုအပ်လာကြပါတယ်။ အဲ့တော့ အသုံးပြုလိုက်တဲ့ Artificial Light ပဲဖြစ်ဖြစ် သဘာဝအလင်းမှာပဲဖြစ်ဖြစ် Temperature အလိုက် အရောင်ကွဲပြားသွားမှုတွေရှိပါတယ်။ အဲ့တော့ ဒီနေ့မနက်မှာ Color Temperature ဆိုတာဘာလဲဆိုတာ ဖတ်ရှုကြရအောင်။
Light Source တစ်ခုရဲ့ Color Temperature ဆိုတာက အဲ့ဒီ Light source ရဲ့ Color ကိုဖြာထွက်စေတဲ့ Ideal Black Body Radiator ရဲ့ Temperature ကိုဆိုလိုခြင်းဖြစ်ပါတယ်။ Unit ကို Kelvin (K) နဲ့ဖော်ပြလေ့ရှိပါတယ်။ K Value များလေ Color က ပိုပြီး အပြာရောင်သမ်းပြီးအေးစက်တဲ့ခံစားချက်ကို ရရှိလေဖြစ်ပြီး K value နည်းလေ ပိုပြီး အဝါရောင်သမ်းကာ နွေးထွေးတဲ့ခံစားချက်ကိုရရှိလေဖြစ်ပါတယ်။
Light Color အလိုက် ခံစားချက်အမျိုးမျိုးကိုရရှိနိုင်မှာဖြစ်ပြီး အသုံးပြုတဲ့ရည်ရွယ်ချက်ကိုလိုက်ပြီး Lighting Color အမျိုးမျိုးကိုပြောင်းလဲအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ လူများနေထိုင်အသုံးပြုသော အ်မ်များအတွက် နေ့အချိန်တွေမှာဆိုရင် 6500 K value ရှိတဲ့ နေ့အလင်းရောင်ကဲ့သို့သော အလင်းရောင်များက အလုပ်လုပ်ရန်အတွက်ကောင်းမွန်သော Color Temperature ဟုဆိုနိုင်ပြီး ညဘက်အခုမျိုးတွင်မူ 3400 K ဝန်းကျင်ရှိသော အလင်းရောင်မျိုးက မျက်စိအတွက်ကောင်းမွန်သည်ဟုဆိုနိုင်ပေသည်။
ထို့အတွက် မိမိ Design ပြုလုပ်လိုသော Space နှင့် Function များအလိုင် သင့်လျော်သော Color Temperature ရှိသည့် Light source များကို အသုံးပြုရန်မှာ အရေးကြီးပေသည်။




Comments