ARCHITECTURE QUIZ
- AAS-YTU

- Apr 29, 2020
- 1 min read
ဒီနေ့ရဲ့ morning pieceအဖြစ် ဖတ်ရှုရမှာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက National Assembly Building အကြောင်းပဲ ဖြစ်ပါတယ်။
__________________
The National Assembly Building of Bangladesh was designed by which architect?
Ans. Louis Kahn
Louis Kahn ဟာ ရှေးဟောင်းဗိသုကာများကို မှီငြမ်း၍ မော်ဒန်ဗိသုကာအဖြစ် ဖန်တီးလေ့ရှိတဲ့ အမေရိကန်အာခီတက်တစ်ဦး ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက အမျိုးသားလွှတ်တော်ဟာဆိုရင်လည်း Louis Kahn ရဲ့ နာမည်ကြီးတဲ့အဆောက်အဦးတွေထဲက တစ်ခုဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် Dhaka မှာတည်ရှိပြီး 'Jatiyo Sangshad Bhaban' လို့ခေါ်တဲ့ ဒီအဆောက်အဦးမှာ
Louis Kahn ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ကိုယ်ပိုင်ဗိသုကာဟန်နှင့် မော်ဒန်ဗိသုကာကို ပေါင်းစပ်ကာ အရိုးရှင်းဆုံး ဖန်တီးထားတာကိုတွေ့ရပါတယ်။ တြိဂံများ၊ စက်ဝိုင်းများ၊ စတုဂံများ၊ စက်ဝိုင်းခြမ်းများ စသည့် ဂျီဩမေတြီ ပုံသဏ္ဍန်များကိုသာ အသုံးပြုထားပြီး အဆောက်အဦးတစ်ခုလုံးကို ခံ့ညားအောင်ပြုလုပ်ထားပါတယ်။ Material အနေဖြင့် concreteနှင့် marble ကျောက်များကို သုံးထားခြင်းက ဘဂ််လားဒေ့ရှ်နိုင်ငံ၏ ရာသီဥတုနှင့် ကိုက်ညီစေတာကိုတွေ့ရပါတယ်။ ကြီးမားတဲ့ကွန်ကရစ်နံရံတွေမှာ opening အကျယ်ကြီးတွေဖောက်ထားသဖြင့် အလင်းရောင်ရော လေရောဝင်စေနိုင်ရုုံသာမက အဆောက်အဦးရဲ့အနီးတွင် ရေကန်တစ်ခုကိုလည်း ပြုလုပ်ထားသဖြင့် လှပတဲ့မြင်ကွင်းကိုခံစားနိုင်ကာ လတ်ဆတ်တဲ့လေကိုလညး် ရရှိနိုင်တာကိုတွေ့ရပါတယ်။
ဒီအဆောက်အဦးကို ဆောက်တဲ့အချိန်မှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ စစ်ပွဲတြွေဖစ်နေတဲ့အချိန်ပါ။ ဒါကြောင့်မို့ Louis Kahnဟာ အဆောက်အဦးကို ဒီဇိုင်းဆွဲရာမှာ နိုင်ငံသားတို့ရဲ့ စည်းလုံးညီညွတ်ခြင်း၊ ရဲရင့်ခြင်း စတာတွေကို ထင်ဟပ်စေရန် စဉ်းစားခဲ့ဟန်တူပါတယ်။ ထို့အပြင် ယနေ့အချိန်ထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတို့ဟာ ဒီအဆောက်အဦးကို ဂုဏ်ယူလျက်ရှိကြပြီး ဒီမိုကရေစီရဲ့ သကေ််တတစ်ခုအဖြစ်လည်း တင်စားလျက်ရှိကြပါတယ်။




Comments