top of page

Morning Pieces

  • Writer: AAS-YTU
    AAS-YTU
  • Apr 22, 2020
  • 1 min read

Updated: Apr 24, 2020

အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ဒီနေ့ကနေစပြီးတော့ Quiz မှာဉာဏ်စမ်းခဲ့တဲ့ မေးခွန်းလေးတွေရဲ့အဖြေကို Morning Piece လေးတွေအနေနဲ့ ပြန်လည်တင်ဆက်ပေးမှာပါခင်ဗျ။ ဒါကြောင့်မို့ Quiz လေးတွေကိုဖြေပြီး မနက်တိုင်း Morning Piece လေးတွေကို ပြန်လည်ဖတ်ရှုပေးကြပါဦး။ ဒီနေ့အတွက်ကတော့ Softscape ဆိုတာဘာလဲဆိုတဲ့ Piece လေးပဲဖြစ်ပါတယ်။

________________________________________________


What is Softscape in Landscape Architecture?


Landscape Design တစ်ခုပြုလုပ်ရာမှာ အဓိက elements 2 ခုရှိတယ်ဆိုတာကို အများစုသောလေ့လာနေသူတွေကြားဖူးကြမှာပါ။ အဲ့ ၂ခုကတော့ Hardscape နဲ့ Softscape တို့ပဲဖြစ်ကြပါတယ်။ ဒါဆိုရင် “Softscape Element” ဆိုတာဘာလဲ။


Color, Texture, Shape, and Size အားဖြင့် အမျိုးမျိုးရှိနေသော သစ်ပင်၊ ချုံပင်၊ နှင့် ပန်းပွင့်သောအပင်၊ မပွင့်သောအပင်စသည်ဖြင့် ရာသီဥတုကိုတုံ့ပြန်၍ ကြီးထွားကြသောအပင်အမျိုးမျိုး၊ မြေခင်း၊ မြက်ခင်းစသည်တို့သည် Hardscape elements များဖြစ်ကြသော ကျောက်တုံး၊ ကျောက်စရစ်ခဲ၊ မြေထိန်းနံရံများ၊ လျှောက်လှမ်းများ၊ ယာယီအပန်းဖြေရန်ဆောက်လုပ်ထားသော Patio၊ Gazebo များနှင့် အမြင်အားဖြင့် ဆန့်ကျင်စွာ နူးညံ့ပျော့ပျောင်းပြီး အစဉ်ကြီးထွားပြောင်းလဲသည့် အသွင်ရှိသည့်အတွက် ထို Element များကို Softscape Element ဟုခေါ်ဆိုကြခြင်းဖြစ်သည်။


သို့ရာတွင် Softscape Element တစ်ခုထဲအသုံးပြု၍ မြေယာစီမံမှု Landscape Design ကောင်းတစ်ခုမဖြစ်လာနိုင်ပေ။ မိမိ Design Concept ကိုအခြေခံကာ Softscape and Hardscape element များကို သမမျှတစွာ အသုံးပြုပြီး Proportion, Order, Repetition, and Unity အစရှိသည့် Design principle များဖြင့် Landscape Design တို့ကို ဖန်တီးနိုင်ပေသည်။


ree

Comments


bottom of page