ARCHITECTURE QUIZ
- AAS-YTU

- May 12, 2020
- 1 min read
ဒီနေ့မနက်မှာတော့ Design ဆိုပြီး စတင်ဖန်တီးတဲ့အခါမှာ သိသင့်တဲ့ နိယာမသဘောတရား (၇) ခုအကြောင်းကိုဖတ်ရှုရမှာ ဖြစ်ပါတယ်ခင်ဗျ။
Balance- ညီမျှခြင်းသဘောတရား
Balance လို့ပြောလိုက်ပြီဆိုတာနဲ့ နှစ်ဖက်ညီနေတဲ့ ချိန်ခွင်ရဲ့သဘောတရားကိုပြေးမြင်မိမှာပါ။
Design တစ်ခုကိုဖန်တီးတဲ့အခါမှာလည်း Balance ကိုသတိပြုရပါတယ်။ Balance မှာလည်း Symmetrical and Unsymmetrical Balance ဆိုပြီး နှစ်မျိုးနဲ့ ဖန်တီးလို့ရနိုင်ပါတယ်။ ချိန်ခွင်သဘောတရားက Symmetrical Balance မျိုးဖြစ်ပြီး Visual weight ကို မညီမမျှနေရာချလိုက်ပေမယ့် Sense of Balance ကို မပျောက်ပျက်စေတာမျိုးကို Unsymmetrical Balance လို့ခေါ်ပါတယ်။ ဥပမာ- လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက်တူတူ See-saw စီးလို့ရနိုင်အောင်နေရာယူရတဲ့ပုံစံမျိုးပ့။
harmony- လိုက်ဖက်ညီမှု
ဖန်တီးမှုတွေမှာ အသုံးပြုထားတဲ့ design element တွေရဲ့ အပ်စပ်လိုက်ဖက်နေတဲ့အခါမှာ Harmony ဖြစ်တယ်လိုပြောကြပါတယ်။
movement- ရွေ့လျားမှု
Design တစ်ခုကိုဖန်တီးတဲ့အခါမှာ Still and Statics တည်ငြိမ်အောင်ဖန်တီးနိုင်သလို Dynamic သက်ဝင်လှုပ်ရှား ရွေ့လျားနေဟန် move ဖြစ်အောင် Line အစရှိတဲ့ elements တွေနဲ့ဖန်တီးနိုင်ပါတယ်။
pattern- ပုံစံ
Line တွေ shape, color တွေကို အသုံးချပြီး ထွက်ပေါ်လာတဲ့ သဏ္ဌာန်တွေကို ထပ်ခါထပ်ခါဆင့်သုံးခြင်းဖြင့် ပုံစံတွေရရှိလာပါတယ်။
emphasis- အသားပေးဖော်ပြမှု
မိမိ၏ Design မှာ တစ်ခုခုကို အလေးအနက် ဦးစားပေးဖော်ပြခြင်းမျိုးဖြစ်ပါတယ်။
rhythm- စည်းချက်
Design Element တွေ Pattern တွေရဲ့ စည်းချက်ကျကျရွေ့လျားတဲ့ အခါမှာ rhythmic ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
contrast- ဆန့်ကျင်ဘက်သဘောတရား
အဖြူ-အမဲ၊ အကြမ်း-အချော၊ အလင်း-အမှောင် စသည်ဆန့်ကျင်ဘက်တွဲစပ်မှုဖြင့် အမြင်အားဖြင့်ဆွဲဆောင်မှုကိုရယူနိုင်ရန်အရေးကြီးတဲ့သဘောတရားတစ်ခုဖြစ်ပါတယ်။
unity- စုစည်း စည်းလုံး ညီညွတ်နေမှု
Design တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီက အပြန်အလှန် ညီညီညွတ်ညွတ်ထောက်ပံ့ပေးပြီး စုစည်းလိုက်တဲ့အခါမှာ ကောင်းမွန်တဲ့ Design တစ်ခုဖြစ်လာတဲ့အတွက် အသေးစိတ်ရှုမြင်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အသုံးပြုထားတဲ့ Principle တွေ Element တွေကို သေချာနားလည်ပြီး တွဲစပ်အလုပ်လုပ်မှသာ unity ရှိတဲ့ Design တစ်ခုရရှိနိုင်မှာ သေချာပါတယ်။




Comments