ARCHITECTURE QUIZ
- AAS-YTU

- May 12, 2020
- 1 min read
Fun with Quiz Week 3 မှာ ကိန်းဂဏန်းဆိုင်ရာ Quizတစ်ခုထည့်မေးခဲ့ပါတယ်။
'How many World Heritage Sites are there in Italy as of 2019?
A. 53
B. 54
C. 55'
အဖြေမှန်ကတော့ C. 55 ပါ။
'UNESCO World Heritage Site'ဆိုတဲ့အခေါ်အဝေါ်နှင့် ကျွန်တော်တို့ အားလုံးရင်းနှီးပြီးသားပါ။ ပုဂံမြို့ဟောင်းကို UNESCO World Heritage Site အဖြစ်သတ်မှတ်ခံရဖို့ ကျွန်တော်တို့ အကြာကြီးကြိုးစားခဲ့ပေမယ့် မကြာသေးခင်ကမှသာ အောင်မြင်ခဲ့ပါတယ်။ UNESCO World Heritage Siteအဖြစ် သတ်မှတ်ခံရဖို့တော်တော့်ကို မလွယ်တာပါ။
အကြမ်းဖျဉ်းအားဖြင့်ပြောရရင် 2004ခုနှစ်အထိ အဆောက်အအုံတစ်ခုဟာ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခံရဖို့ အဆင့်အတန်း (Criteria) ခြောက်ခုနှင့် ကိုက်ညီဖို့လိုပြီး သာယာလှပတဲ့ နေရာရှုခင်းတစ်ခုဟာ ဘဘာဝအမွေအနှစ်အဖြစ်သတ်မှတ်ခံရဖို့ အချက်လေးချက်နှင့်ကိုက်ညီရပါတယ်။ 2005ခုနှစ်နောက်ပိုင်းမှာ Criteria ကိုပြန်လည်ပြင်ဆင်ခဲ့ပေမယ့် အခုအချိန်ထိ ရှုပ်ထွေးနေဆဲပါ။
၁၉၇၈ ခုနှစ်မှာ အီကွေဒေါနိုင်ငံရဲ့မြို့တော် ခီတိုမြို့(Quito)ဟာ ကမ္ဘာ့ပထမဆုံးသော UNESCO World Heritage Siteဖြစ်လာခဲ့ပါတယ်။ ၂၀၁၉ခုနှစ်မှာတော့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၁၆၇ နိုင်ငံမှာ World Heritage Siteပေါင်း ၁၁၂၁ခုရှိနေပါပြီ။
တရုတ်နှင့် အီတလီဟာ World Heritage Site 55ခုစီနှင့် နိုင်ငံအလိုက် World Heritage Site အများဆုံး နိုင်ငံများအဖြစ် သတ်မှတ်ခံထားရပြီး ၎င်းတို့နောက်မှာတော့ စပိန်(၄၈ခု)၊ ဂျာမနီ(၄၆ခု)၊ ပြင်သစ်(၄၅ခု)၊ အိန္ဒိယ(၃၈ခု)၊ မက္ကစီကို(၃၅ခု)တို့က အစဉ်လိုက်အတိုင်း ရပ်တည်နေပါတယ်။




Comments