ARCHITECTURE QUIZ
- AAS-YTU

- May 3, 2020
- 1 min read
◾Quiz ဖြေရင်း လက်ဆောင်ရယူကြရအောင်လား။
အားလုံးအပျင်းလည်းပြေအောင်၊ ဗဟုသုတလည်းရအောင် ကျွန်တော်တို့က Architecture Quiz လေးတွေကိုဖြေခိုင်းပြီး ဖြေဆိုသူတွေထဲကမှ အမှတ်အများဆုံးလူနှစ်ယောက်ကို ဆုချီးမြှင့်မယ့် 'Fun with Quiz' အစီအစဉ်ရဲ့ တတိယအပါတ်ကို ရောက်ရှိလာပါပြီ။
ဖြေဆိုနည်းကတော့ အရင်အပါတ်တွေ အတိုင်းပါပဲ။
➖မည်သည့်ကျောင်း၊ မည်သည့်မေဂျာမှ ကျောင်းသူကျောင်းသားမဆို ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။
➖Post ရဲ့ အဆုံးမှာ Quizဖြေဖို့ Link ထည့်ပေးထားပါတယ်။
➖Link ထဲကိုဝင်၊ နာမည်ပေးပြီး Quizတွေကို ဖြေဆိုနိုင်ပါပြီ။
📌အမှတ်ပေါင်း ပြန်လည်ရေတွက်ရလွယ်ကူအောင်လို့အရင်အပတ်ကဖြေဆိုခဲ့တဲ့ nickname တွေကို ပြန်လည်အသုံးပြုပေးဖို့မေတ္တာရပ်ခံချင်ပါတယ်။
➖ဖြေပြီးလျှင် Scoreboard ကို Screenshotရိုက်ပြီး ဒီPostရဲ့ Comment sectionမှာ Commentပေးခဲ့ပါ။
📌Comment ရေးထားတဲ့ ဖြေဆိုသူများထဲမှသာ အနိုင်ရသူများကို ရွေးချယ်မှာ ဖြစ်သည့်အတွက် ဖြေဆိုပြီးလျှင် Comment ရေးဖြစ်အောင်ရေးပေးပါ။
စိတ်ပါဝင်စားစွာ ဝင်ရောက်ဖြေဆိုပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ Fun with Quiz မှာ မေးခဲ့တဲ့ Quiz တွေရဲ့ အဖြေနှင့် ရှင်းလင်းချက်ကိုလည်း 'Morning Pieces' အနေနှင့် တင်ဆက်လာတာ အချိန်တစ်ခုကြာမြင့်လာပြီမို့ ဗိသုကာနှင့်ဆိုင်တဲ့ ဗဟုသုတတချို့ရရှိမယ်လို့လည်း မျှော်လင့်ပါတယ်။
Fun with Quiz Week 3 : https://bit.ly/quizweek03
အားလုံးကံကောင်းကြပါစေဗျာ။




Comments