top of page

ARCHITECTURE QUIZ

  • Writer: AAS-YTU
    AAS-YTU
  • Apr 19, 2020
  • 1 min read

ree

အိမ်မှာနေရင်း အပျင်းလည်းပြေ‌စေ၊ ဗိသုကာနှင့်ပတ်သက်တဲ့ ဗဟုသုတလည်း ရစေ ဆိုတဲ့ရည်ရွယ်ချက်နှင့် Architecture quiz များကို တင်ပေးခဲ့တာ အခုဆိုရင် ခြောက်ခုရှိပါပြီ။


ကျွန်တော်တို့က မေးခွန်းမေး၊ ဖြေတဲ့သူကဖြေ၊ အဖြေတိုက်ဖို့ Websiteထဲ ကို ဝင်ကြည့်ရတဲ့နည်းနှင့် ဒီအစီအစဉ်လေးကို စတင်ခဲ့ပါတယ်။


ဒါပေမဲ့ အခုအချိန်ကစပြီး ဒီအစီအစဉ်ကို ပိုပြီးပျော်ဖို့ကောင်းတဲ့ အသွင်နှင့် တင်ဆက်သွားမှာဖြစ်ပါတယ်။


ဒီတစ်ခေါက်မှာတော့ ပြိုင်ပွဲပုံစံ ကျင်းပပြီး Quiz တွေကိုဖြေခိုင်းသွားမှာပါ။ ပြိုင်ပွဲဆိုတဲ့ အတိုင်း အနိုင်ရသူကို ဆုချီးမြှင့်သွားမှာပါ။


အရင်က ကျွန်တော်တို့ တစ်နေ့ကို Quiz တစ်ခုနှုန်းနှင့် နေ့စဉ်တင်ပေးခဲ့ပါတယ်။

အခုကျင်းပမယ့် ပြိုင်ပွဲမှာတော့ တစ်ပတ်ကိုတစ်ရက်၊ တစ်ခါတင် Quiz ဆယ်ခုနှုန်းနှင့် လေးပတ်ဆက်တိုက်တင်ပေးသွားမှာပါ။


-Quizတွေကိုဖြေဖို့ Linkတစ်ခုပေးထားမှာပါ။

-အဲ့ဒီ Link ထဲကိုဝင်၊ နာမည်ပေးပြီး ဖြေရုံပါပဲ။

-မေးခွန်း ဆယ်ခု ပါပါမယ်။

-မေးခွန်းတစ်ခုကိုဖြေဆိုဖို့ အချိန်ဆယ်စက္ကန့်ရပါမယ်။

-Quizဖြေဖို့ Linkကို တစ်ပတ်တစ်ခါနှုန်း နှင့် လေးပတ် တင်ပေးသွားပါမယ်။

- တစ်ကြိမ်‌ဝင်ဖြေပြီးတိုင်း ဖြေပြီးကြောင်းကို Screenshot ရိုက်ပြီး Linkတင်ထားတဲ့ Post အောက်မှာ comment ‌ရေးပေးပါ။

-တစ်ကြိမ်ဖြေပြီးတိုင်း အမှတ်တစ်ခါထွက်မှာဖြစ်ပြီး၊ လေးကြိမ်စလုံးဖြေဆိုပြီးချိန်မှာ အမှတ်အများဆုံးလူ နှစ်ယောက်ကို ဆုချီးမြှင့်သွားမှာပါ။

-တစ်ယောက်ကို ဗိသုကာနှင့် ဆိုင်တဲ့ စာအုပ်တစ်အုပ်၊ ကျန်တဲ့တစ်ယောက်ကိုတော့ Sketchbook တစ်အုပ်‌ ပေးအပ်သွားမှာပါ။


ဒီအစီအစဉ်ကိုတော့ 'Fun with Quiz' လို့နာမည်ပေးထားပြီး မည်သည့်ကျောင်း၊မည်သည့်မေဂျာမှ ကျောင်းသူ‌ကျောင်းသားမဆို ဝင်ရောက်ပါဝင်နိုင်ပါတယ်။


Quiz Link : http://bit.ly/FunWithQuiz01

 
 
 

Comments


bottom of page