ARCHITECTURE QUIZ
- AAS-YTU

- Jun 25, 2020
- 1 min read
Belém Tower
Belém Towerကတော့ ပေါ်တူဂီနိုင်ငံ၊ လစ်စဘွန်မြို့ရဲ့ မြစ်ကမ်းနံဘေးမှာရှိတဲ့ ခံတပ်တာဝါတစ်ခုပဲ ဖြစ်ပါတယ်။ Belèm Towerသည် King John IIရဲ့ မူလideaဖြစ်ပြီး ၎င်းနောက် ဆက်ခံသူ King Manuelလက်ထက်မှာ တည်ဆောက်ခဲ့ပါတယ်။ Belém Towerဟာ Manueline styleဗိသုကာလက်ရာတွေထဲက အကောင်းဆုံးဥပမာတစ်ခုလည်း ဖြစ်ပါတယ်။ Maneline style ဆိုတာကတော့ 16ရာစုအစောပိုင်းက ပေါ်တူဂီနိုင်ငံမှာ ခေတ်စားခဲ့တဲ့ Gothicနှောင်းပိုင်းလက်ရာတစ်ခုဖြစ်ပြီး King Manelကို အစွဲပြုခေါ်ထားခြင်း ဖြစ်ပါတယ်။
Belém Towerရဲ့ အောက်ခြေမှာ ရှည်လျားတဲ့ခံတပ်တစ်ခုရှပြီး အမြှောက်လက်နက်များ စုထားရာနေရာလည်း ဖြစ်ပါတယ်။ Towerကတော့ 30မီတာမြင့်ပြီး မြစ်ရဲ့အပေါ်စီးကနေ မြင်ကွင်းတစ်ခုလုံးကိုမြင်နိုင်တဲ့အပြင် towerရဲ့ထောင့်တွေမှာ bartizanလို့ခေါ်တဲ့ အစွန်းထွက်နေတဲ့ လင့်စင်တွေပါရှိနေခြင်းက မြင်ကွင်းကို ပိုကျယ်စေပြီး ရန်သူကိုပိုမြင်နိုင်ဖို့ တစ်ပန်းသာစေတဲ့ အချက်ပဲဖြစ်ပါတယ်။ Belém Towerရဲ့ အာခီတက်ဖြစ်တဲ့ Francisco De Arruda ဟာ မြောက်အာဖရိကမှာ နေထိုင်ခဲ့သူဖြစ်ပြီး အထူးသဖြင့် Belém Towerရဲ့ ပြတင်းပေါက်တွေနဲ့ balconyတွေမှာ မြောက်အာဖရိကက Islamic architecture ရဲ့ ပုံသဏ္ဌာန်တွေကို တွေ့နိုင်ပါတယ်။ ထိုကဲ့သို့ ခမ်းနားစွာတန်ဆာဆင်ထားတဲ့ ဗိသုကာလက္ခဏာများကိုကြည့်ခြင်းအားဖြင့် Belém Towerဟာ ခံတပ်တစ်ခုအဖြစ်အသုံးပြုရုံမျှမဟုတ်ဘဲ လစ်စဘွန်ဆိပ်ကမ်းကို ချဉ်းကပ်လာသူတို့ကိုလည်း ပေါ်တူဂီတို့ရဲ့နယ်မြေအဖြစ် သတိပေးနေတဲ့ အထိမ်းအမှတ်တစ်ခုလည်း ဖြစ်နေပါတော့တယ်။




Comments